16
Oct

ကိုနိချီဝါ

ဂျပန်မှာ အလုပ်သွားလုပ်တော့မယ်ဆိုရင် ဂျပန်စာ နဲ့ ဂျပန်စကားကတော့ မဖြစ်မနေသင်ရမှာပါနော်။

ဒါဆို ဂျပန်စာ နဲ့ ဂျပန်စကားကို ကောင်းကောင်းတတ်ဖို့လိုတာပေါ့။

အဲ့တော့ ဘယ်မှာသင်ရမလဲ? သင်တန်းရှိလား? ရှိပါ့ဗျာ။ Winner Japan School ပေါ့။ ဂျပန်စာ နဲ့ ဂျပန်စကားကို တတ်ကျွမ်းတဲ့အထိ ဆရာစားမချန်သင်ပေးမှာပါ။ ဂျပန်မှာအလုပ်သွားလုပ်မယ့်သူတွေအတွက်ပဲ သင်တန်းဖွင့်ထားတာမဟုတ်ဘူးနော်။ ဝါသနာပါလို့ ဂျပန်စာကို လေ့လာချင်သူတွေအတွက်လည်း တန်းခွဲတွေရှိသလို ပြည်တွင်း ဂျပန်ကုမ္ပဏီတွေမှာ အလုပ်လုပ်မယ့်သူတွေအတွက်ပါ သီးသန့်အတန်းတွေ စီစဉ်ပေးထားပါတယ်။

ဘာသာစကားတစ်ခုကို သင်ထားလို့အရှုံးရှိလား။ မရှိပါဘူး။ ဒီနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်တာနဲ့အညီ နိုင်ငံတကာနဲ့ အမြဲတမ်း ကူးသန်းဆက်သွယ်နေရပါတယ်။ နိုင်ငံတကာနဲ့ ဆက်သွယ်ဖို့အတွက် မိခင်ဘာသာစကားတစ်မျိုးထဲနဲ့ အလုပ်မဖြစ်တော့ပါဘူး။ နိုင်ငံခြားဘာသာတစ်ခုခု တတ်ထားဖို့လိုပါတယ်။ လုပ်ငန်းခွင်အနေနဲ့ကြည့်ရင်လည်း ဘာသာစကားကို တစ်ခုထက်ပိုပြီးတတ်မြောက်ထားသူတွေက လစာ၊ အကျိုးခံစားခွင့်၊ တက်လမ်းတွေပိုများပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ အားလပ်နေတဲ့အချိန်တွေမှာ ဘာသာစကားတစ်ခုခုကို တတ်မြောက်အောင်သင်ထားသင့်ပါကြောင်း Winner Japan School က အကြံပေးလိုပါတယ်။

အသေးစိပ်သိရှိချင်တယ်ဆိုရင်တော့ Messenger (Cb) ကနေ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Hotline Phone 09894575566 / 09977711223

လိပ်စာ- လှည်းတန်း ၊ရန်ကုန်အင်းစိန်လမ်းမကြီး

အမှတ် (၁) Room No.18 , First and Second Floor